MagicOS
ပေါ့ပါးပြီး အံဝင်ခွင်ကျ လှပသော ဒီဇိုင်း။
ကြည်လင်သော လော့ခ်မျက်နှာပြင်
အံဝင်ခွင်ကျ လှပမှုနှင့်အတူ ဖောက်ထွင်းမြင်နိုင်သော ဒီဇိုင်း။
ကြည်လင်သော ဒက်စ်တော့
မြင်ရလွယ်ကူပြီး အသုံးပြုရလွယ်ကူပါသည်။
အကြည် အိုင်ကွန်များ
ပေါ့ပါးပြီး ထင်ရှားသော Icon ဒီဇိုင်းများ။
အကြည်ရောင် ရာသီဥတု အချက်အလက်
သဘာဝတရားနှင့် ချောမွေ့စွာ ထိတွေ့နိုင်မည့် မျက်နှာပြင်တစ်ခု
သဘာဝ၏ အစိတ်အပိုင်းများကို သင့်လက်ဖျားတွင် ခံစားလိုက်ပါ။
ရေလှိုင်းလေးကို
ထိတွေ့လိုက်ပါ။
အလင်းရောင်ကို
အသက်ဝင်စေပါ။
ပျော်ရွှင်မှု လှုပ်ခါလိုက်ပါ။
လှုပ်ခါလိုက်၊ ကစားလိုက်၊ ပျော်ရွှင်လိုက်ပါ။
Magic Screen Lock
အထင်ကြီးဖွယ် ဓာတ်ပုံများဖြင့် Screen Lock ကို ဖွင့်နိုင်ပါသည်။
စိတ်ကြိုက်ပြင်ဆင်နိုင်သော နာရီ
သင့်စတိုင်နှင့် သဘာဝကျကျ လိုက်ဖက်ပါသည်။
AI မျက်နှာပြင် အကြံပြုချက်များ1
AI အကျဉ်းချုပ်
တစ်ချက်နှိပ်ရုံဖြင့် အဓိကအချက်ကို ဖမ်းယူပါ။
AI ဖြင့် အကြောင်းအရာ ဖန်တီးခြင်း
တစ်ချက်နှိပ်ရုံဖြင့် ဖန်တီးနိုင်ပြီး တစ်ဆင့်တည်းဖြင့် ထိရောက်မှုကို ရရှိနိုင်ပါသည်။
AI ဆက်တင် အေးဂျင့်2
သင့်ညွှန်ကြားချက်အတိုင်း ဖုန်းဆက်တင်များကို AI က စီမံပေးပါသည်။
AI ဓာတ်ပုံလက်ထောက်2
သင့်ညွှန်ကြားချက်အတိုင်း AI က ဓာတ်ပုံများကို တည်းဖြတ်ပေးပါသည်။
Magic Portal3 အရာအားလုံးကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပါသည်။
လက်တစ်ဖက်တည်းဖြင့်
လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
AI မျက်နှာပြင် ရိုက်ယူခြင်း
ပိုမိုဉာဏ်ရည်မြင့်သော Screenshot
ရိုက်ကူးမှု၊ အဆင့်တိုင်းတွင် ပိုမိုမြန်ဆန်ပါသည်။
Screenshot ရိုက်ပြီးသည်နှင့် သက်ဆိုင်ရာ App များကို အလိုအလျောက် အကြံပြုပေးပြီး တစ်ချက်နှိပ်ရုံဖြင့် ချက်ချင်း ဝင်ရောက်အသုံးပြုနိုင်ပါသည်။
Magic ဘေးဘား ပွတ်ဆွဲလိုက်၊ နှိပ်လိုက်ရုံဖြင့် ထုတ်လုပ်နိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်ပါသည်။
အသုံးပြုရလွယ်ကူသည်
ပွတ်ဆွဲလိုက်၊ နှိပ်လိုက်၊ ပြီးမြောက်ပါပြီ။
ဉာဏ်ရည်မြင့် အကြံပြုချက်များ
လက်ရှိအကြောင်းအရာအပေါ် အခြေခံ၍ AI ဝန်ဆောင်မှုများကို အလိုအလျောက် အကြံပြုပေးပါသည်။
AI ဘေးကင်းလုံခြုံမှု4
AI Deepfake စစ်ဆေးခြင်း
လူအများပါဝင်သော Video Conference များတွင် Deepfake ကို စစ်ဆေးဖော်ထုတ်ပေးပါသည်။
AI အသံတုပြုလုပ်မှု စစ်ဆေးခြင်း
လိမ်လည်မှု ကာကွယ်ရေးကို တိုးမြှင့်ပေးပြီး အသံအတုများကို ဖော်ထုတ်ပေးပါသည်။
HONOR Onetap ဖြင့် မျှဝေပါ Apple စက်များနှင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်5
HONOR OneTap ဖြင့် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဖိုင်များ၊ အစီအစဉ်များ၊ Contact များနှင့် အခြားအကြောင်းအရာများကို iPhone သို့မဟုတ် Mac အပါအဝင် စက်များအကြား လွယ်ကူစွာ မျှဝေနိုင်ပါသည်။
မတူညီသော Operating System များ တူညီသော အဖော်မွန်6
HONOR နှင့် Mac ကို တွဲဖက်အသုံးပြုသောအခါ သင့်ဖုန်းသည် ဖန်တီးမှုများအတွက် အားကောင်းသော ကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားပါသည်။ မျက်နှာပြင်ကို လွယ်ကူစွာ ပြသနိုင်ခြင်း၊ Notification များကို တစ်ပြိုင်တည်း Synchronize ပြုလုပ်နိုင်ခြင်းနှင့် Inspiration Note များကို အချိန်မရွေး အသုံးပြုနိုင်ပါသည်။
သင် ပြေးလွှားလေ့ကျင့်ခန်းလုပ်နေချိန် သို့မဟုတ် ရေကူးနေချိန်တွင်ပင် HONOR သည် သင့် Apple Watch နှင့် ချိတ်ဆက်ထားပေးပါသည်။ လက်ကောက်ဝတ်ကို မြှောက်ကြည့်လိုက်ရုံဖြင့် Notification များကို ချက်ချင်း ကြည့်ရှုနိုင်ပါသည်။
HONOR ရဲ့ဆန်းသစ်တီထွင်မှုနည်းပညာ
HONOR ESG
- လက်ရှိတွင် HONOR Magic8 Series မော်ဒယ်များကိုသာ ပံ့ပိုးပေးထားပါသည်။ အနာဂတ်တွင် AI Entity Button ပါဝင်သော ထုတ်ကုန်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
- လက်ရှိတွင် HONOR Magic8 Series မော်ဒယ်များကိုသာ ပံ့ပိုးပေးထားပြီး၊ အနာဂတ်တွင် မော်ဒယ်အသစ်များကိုလည်း Upgrade ပြုလုပ်၍ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
- ဤလုပ်ဆောင်ချက်ကို အသုံးပြုရန် Account ဝင်ရောက်ထားရန်နှင့် အခြေခံအသုံးပြုခွင့်များကို သတ်မှတ်ထားရန် လိုအပ်ပါသည်။ အသုံးပြုနိုင်သည့် Feature များသည်HONOR ၏ တရားဝင်ကြေငြာချက်များ အပေါ် မူတည်ပါသည်။
- AI လိမ်လည်မှုကာကွယ်ရေး (AI Anti-Fraud Detection) ၏ စစ်ဆေးမှုရလဒ်များသည် အထောက်အကူပြု ဆုံးဖြတ်ချက်အတွက်သာ ဖြစ်ပါသည်။ စနစ်၏ ခွဲခြမ်းစိတ်ဖြာမှုရလဒ်များကို ဂရုတစိုက် သုံးသပ်ပြီး အချက်အလက်များ၏ မှန်ကန်မှုကို ရင်းမြစ်အမျိုးမျိုးမှ ထပ်မံစစ်ဆေးအတည်ပြုရန် လိုအပ်ပါသည်။ အချို့သော Feature များနှင့် မော်ဒယ်များကို HOTA Upgrade မှတစ်ဆင့် နောက်ပိုင်းတွင် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို HONOR ၏ တရားဝင်ကြေညာချက်များ တွင် ကြည့်ရှုနိုင်ပါသည်။
- လက်ရှိတွင် HONOR Magic V Flip2၊ HONOR Magic V5 နှင့် MagicOS 10 သို့မဟုတ် ၎င်းထက်မြင့်သော Version ကို အသုံးပြုထားပြီး NFC ပါဝင်သော မော်ဒယ်များ ကိုသာ ပံ့ပိုးပေးထားပါသည်။ iPhone 13 နှင့် ၎င်းထက်မြင့်သော မော်ဒယ်များ (iOS 17.0 သို့မဟုတ် ၎င်းထက်မြင့်သော Version) ကိုလည်း ပံ့ပိုးပေးထားပါသည်။ အချို့သော Feature များကို အနာဂတ် OTA Update များမှတစ်ဆင့် ထည့်သွင်းပေးမည်ဖြစ်ပါသည်။ အသေးစိတ်ကို တရားဝင် Product Website တွင် ကြေညာထားသော အချက်အလက်များကို ကိုးကားပါရန်။ iPhone တွင် HONOR Connect App ကို Download ပြုလုပ်ရန် လိုအပ်ပြီး၊ Mac တွင် HONOR Super Workbench App ကို Download ပြုလုပ်ရန် လိုအပ်ပါသည်။ အသေးစိတ်အသုံးပြုနည်းများကို App အတွင်းရှိ Help Section တွင် ကြည့်ရှုနိုင်ပါသည်။
- လက်ရှိတွင် HONOR Magic V Flip2၊ HONOR Magic V5 နှင့် MagicOS 10 သို့မဟုတ် ၎င်းထက်မြင့်သော Version ကို အသုံးပြုထားပြီး NFC ပါဝင်သော မော်ဒယ်များ ကိုသာ ပံ့ပိုးပေးထားပါသည်။ iPhone 13 နှင့် ၎င်းထက်မြင့်သော မော်ဒယ်များ (iOS 17.0 သို့မဟုတ် ၎င်းထက်မြင့်သော Version) ကိုလည်း ပံ့ပိုးပေးထားပါသည်။ အချို့သော Feature များကို အနာဂတ် OTA Update များမှတစ်ဆင့် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ အသေးစိတ်ကို တရားဝင် Product Website တွင် ကြေညာထားသော အချက်အလက်များကို ကိုးကားပါရန်။ iPhone တွင် HONOR Connect App ကို Download ပြုလုပ်ရန် လိုအပ်ပြီး၊ Mac တွင် HONOR Super Workbench App ကို Download ပြုလုပ်ရန် လိုအပ်ပါသည်။ အသေးစိတ်အသုံးပြုနည်းများကို App အတွင်းရှိ Help Section တွင် ကြည့်ရှုနိုင်ပါသည်။ HONOR ဖုန်း၏ Message များကို Apple Phone သို့ ဦးစွာ Sync ပြုလုပ်ရမည်ဖြစ်ပြီး၊ ထို့နောက် Apple Phone မှ Apple Watch သို့ ဆက်လက် Sync ပြုလုပ်ရပါမည်။
- အထက်ပါစာမျက်နှာများရှိ ထုတ်ကုန်ပုံများနှင့် မျက်နှာပြင်ပေါ်တွင် ဖော်ပြထားသော အကြောင်းအရာများ သည် ရှင်းလင်းဖော်ပြရန်အတွက်သာ ဖြစ်ပါသည်။ အမှန်တကယ် ထုတ်ကုန်၏ အသွင်အပြင်၊ အရောင်နှင့် အရွယ်အစား အပါအဝင် အချက်အလက်များနှင့် မျက်နှာပြင်ပေါ်တွင် ပြသသော နောက်ခံပုံ၊ အသုံးပြုသူမျက်နှာပြင် (UI) နှင့် ပုံရိပ်များ သည် အနည်းငယ် ကွဲပြားနိုင်ပါသည်။ အမှန်တကယ် ထုတ်ကုန်ကိုသာ ကိုးကားပါရန်။
- အထက်ပါစာမျက်နှာများတွင် ဖော်ပြထားသော ဒေတာများသည် HONOR ၏ အတွင်းပိုင်းဓာတ်ခွဲခန်းများတွင် သတ်မှတ်ထားသော စမ်းသပ်မှုပတ်ဝန်းကျင်အောက်၌ ရရှိထားသော သီအိုရီဆိုင်ရာ တန်ဖိုးများ ဖြစ်ပါသည် (အသေးစိတ်ကို သက်ဆိုင်ရာ ဖော်ပြချက်တစ်ခုချင်းစီတွင် ကိုးကားပါရန်)။ အမှန်တကယ် အသုံးပြုမှုရလဒ်များသည် ထုတ်ကုန်တစ်ခုချင်းစီ၏ ကွဲပြားမှု၊ Software Version၊ အသုံးပြုမှုပုံစံနှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့် အနည်းငယ် ကွဲပြားနိုင်ပါသည်။ အမှန်တကယ် အသုံးပြုမှုကိုသာ ကိုးကားပါရန်။
- အထက်ဖော်ပြပါ အချက်အလက်များကို ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုလုပ်ရန် လိုအပ်လာပါက သီးခြား အသိပေးကြေညာခြင်း ပြုလုပ်မည် မဟုတ်ပါ။
- အချို့သော လုပ်ဆောင်ချက်များ (Functions)၊ App များနှင့် ဝန်ဆောင်မှုများ (Services) ကို သတ်မှတ်ထားသော စက်ပစ္စည်းများ၊ ဒေသများနှင့် ဘာသာစကားများတွင်သာ အသုံးပြုနိုင်ပါသည်။